Saturday, 17 August 2019
နေရစ်ခဲ့ပါတော့ မဟေသီရယ်......
တောင်တွေရစ်ဝိုင်း
နေထွက်/နေဝင် မမြင်မသိတဲ့
လျှိုမြောင်ချိုင့်ဝှမ်း တဖက်ကမ်းမှာ
နိဂုံးတဘဝ ဒီလိုချုပ်ရမယ်ဆိုတာ
အစက ဘယ်သိပါ့မလဲကွယ်.......
ပေးတဲ့တာဝန် ငါကျေပွန်အောင်
မကြောက်ရဲစွမ်း စစ်မှု့ထမ်းလျှက်
မင်းကိုမလွမ်းလို့ မဟုတ်ခဲ့ရပါဘူး......
သားနဲ့သမီး ပညာပြီးအောင်
တာဝန်ရှောင်တာလဲ မဟုတ်ခဲ့ရပါဘူး
မဟေသီရယ်.......
ဒီနေ့...ဘဝရဲ့အဆုံးအဖြတ်နေ့......
သာလွန်အင်အား လွန်များပြားတဲ့
ရန်သူသစ္စာဖောက် လူ့ငကြောက်တို့
ဝိုင်းအုံပစ်ခတ် ရက်စက်ကြလို့
အသက်ကိုစတေး နောက်ဆုတ်မပြေးဘဲ
ရင်ကိုကဒုတ်ကျင်း သတ္တိခြင်းယှဉ်တိုက်ပွဲဝင်ခဲ့
နိုင်ငံအတွက်ပါ မဟေသီရယ်.......
သာလွန်အင်အား သူပုန်များက
ပြစ်အားတရပ်စပ် ဝိုင်းပိတ်သတ်တော့
မမျှအင်အား ငါ့ရင်ဝအား
ကျ ည်ခနောက်လန် အသတ်ခံရပြီ မဟေသီ....
ငါနဲ့လက်တွဲ ငါ့ရဲဘော်လဲ
ဖမ်းဆီးရန်သူ တဖက်လူက
မျက်လုံး၂ဖက် ဓားချက်ပြင်းထန် မတွန်းလှန်ရန်
ရက်ရက်စက်စက်ဖောက်ပြစ်သတ်ခဲ့တယ်......
နေရစ်ပါတော့ မဟေသီရယ်......
ငါတို့စစ်သား ဘဝများက
ငါ့ရဲ့အသက် တိုင်းပြည်အတွက်လို့
သစ္စာအဓိဌာန် ရဲရဲဟန်နဲ့ရွတ်ဆိုထားတယ်
မဟေသီရယ်......
ငါ့ရဲ့အသက် တိုင်းပြည်အတွက်မို့
မင်းအပေါ်တာဝန်မကျေ
မိသားစုကို ပြစ်ခွာသွား
တင့်တောင့်တင့်တယ် မထားခဲ့နိုင်တာ
ခွင့်လွှတ်ပေးပါ မဟေသီရယ်.......
လက်တွေ့မကျတဲ့ ငြိမ်းချမ်းရေးအတွက်
ဘဝပျက်ရတဲ့ အဲ့ဒီအိမ်မက်တွေကို
ငါတို့ရဲ့ပေးဆပ်မှု့များစွာနဲ့
အလဲအလှယ်လုပ်ပေးခဲ့ရင်း.......
အဖျက်သမားတွေကို ငါခုခံတိုက်ခိုက်ရင်း
ငါ့ရင်အစုံ ကျည်ခလို့ သေသွားရပေမဲ့
မင်းနဲ့ ငါ့သား/သမီးတွေက
ငါ့အတွက် ဂုဏ်ယူရစ်ပါတော့
မဟေသီရယ်.......
( ၁၅.၈.၂၀၁၉ နေ့က ဂုတ်တွင်းတံတားအား သာလွန်အင်အားနဲ့လာရောက်တိုက်ခိုက်သောရန်သူများအား ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့သောရဲဘော်များအား လေးစားစွာဂုဏ်ပြုပါသည်) ....
                        အောင်ထိုက် (ကျွန်းလှ)
Copy.     @#$%&*-
No comments:
Post a Comment
Note: only a member of this blog may post a comment.