Thursday, 11 July 2019


လွမ်းမိုးဆွေ
မိုးရေချစ်​တဲငါက
ဒီနှစ်​မိုးရာသီမှာတော့
မိုးရေမချိုးဖြစ်​ဘူးလေ
မိုးနတ်​မင်းကတုပ်​ကွေးနဲအတူ
ကလေးလူကြီးအားလုံးကိုဒဏ်​ခတ်​ထားလို
ထိုသူတွေထဲငါလဲပါဝင်​ခဲတယ်
မလိမ်​ပါဘူး ဒီမိုးရာသီမှာ
ငါအယ်​ကိုဟောနဲကင်းဝေးခဲတယ်​လေ
ကော်​ဖီခါးခါးတွေပိုသောက်​တယ်
စာအုပ်​တွေပိုဖက်​ဖြစ်​တယ်
စာတွေပိုရေးဖြစ်​တယ်​ ဒါပေမဲ့
ညမအိပ်​တဲညတွေ ပိုများခဲတယ်​လေ
မဟုပ်​ဘူး မဟုပ်​ဘူး
နင်​အကြောင်းတွေးနေမိလို့ အိပ်​မပျော်​တာမဟုပ်​ဘူး
အိပ်​မပျော်​လို့ နင်​အကြောင်းတွေးမိတာ
မိုးအေးတယ်​ မေရေ
ငါချစ်​တဲမိုးရာသီမှာ
ငါချစ်​တဲသူကိုလွမ်းရတာ
ငါမျက်​တွင်းများနောက်​စေ့ကပ်​နေလို့
မေရေ  ဒီညတော့
မေမေစိတ်​ချမ်းသာအောင်
ဟိုလူကြီးရဲသီချင်းကိုဖွင်​ပြီး
ငါစောစောအိပ်​တော့မယ်
12း7 am~~~~~~~~?



Paing Lay 135800@#$%&*?

No comments:

Post a Comment

Note: only a member of this blog may post a comment.