Thursday, 11 July 2019


လွမ်းမိုးဆွေ
မိုးရေချစ်​တဲငါက
ဒီနှစ်​မိုးရာသီမှာတော့
မိုးရေမချိုးဖြစ်​ဘူးလေ
မိုးနတ်​မင်းကတုပ်​ကွေးနဲအတူ
ကလေးလူကြီးအားလုံးကိုဒဏ်​ခတ်​ထားလို
ထိုသူတွေထဲငါလဲပါဝင်​ခဲတယ်
မလိမ်​ပါဘူး ဒီမိုးရာသီမှာ
ငါအယ်​ကိုဟောနဲကင်းဝေးခဲတယ်​လေ
ကော်​ဖီခါးခါးတွေပိုသောက်​တယ်
စာအုပ်​တွေပိုဖက်​ဖြစ်​တယ်
စာတွေပိုရေးဖြစ်​တယ်​ ဒါပေမဲ့
ညမအိပ်​တဲညတွေ ပိုများခဲတယ်​လေ
မဟုပ်​ဘူး မဟုပ်​ဘူး
နင်​အကြောင်းတွေးနေမိလို့ အိပ်​မပျော်​တာမဟုပ်​ဘူး
အိပ်​မပျော်​လို့ နင်​အကြောင်းတွေးမိတာ
မိုးအေးတယ်​ မေရေ
ငါချစ်​တဲမိုးရာသီမှာ
ငါချစ်​တဲသူကိုလွမ်းရတာ
ငါမျက်​တွင်းများနောက်​စေ့ကပ်​နေလို့
မေရေ  ဒီညတော့
မေမေစိတ်​ချမ်းသာအောင်
ဟိုလူကြီးရဲသီချင်းကိုဖွင်​ပြီး
ငါစောစောအိပ်​တော့မယ်
12း7 am~~~~~~~~?



Paing Lay 135800@#$%&*?

သူကိုမလွမ်းမိတဲအကြောင်း
နင်​မရှိတဲနောက်
ငါသောက်​နေကြကော်​ဖီခါးခါး တွေပိုခါးသွားတယ်
ူငါရဲ့ညတိုင်း မှောင်​မှိုက်​သွားတယ်
ပိုခါးတဲ့ ကော်​ဖီတွေပဲငါဆက်​သောက်​ဖြစ်​တယ်
ပိုမှောင်​တဲ ညမှာတော့ ကော်​ဖီထက်​ပိုခါးတဲ့
ပြင်းရှရှယာမကာတစ်​ခွက်​နဲပေါ့
မေရေ နင်​မေးဖူးတယ်​နော်
အရက်​သောက်​လားတဲ
ငါမလိမ်​ခဲဘူးလေ တခါတလေပေါ့လို့
ငါအဖြေ နင်​ရယ်​သံနဲဖုံးလွမ်းလို့
အမြဲစိတ်​ညစ်​တက်​တာပဲလားတဲ့
မကန်​ကွက်​သလို မချုပ်​ချယ်​တက်​တဲနင်​က
နားလည်​မှုလဲအပြည့်​ရှိတယ်​နော်
ဆေးဖြစ်​ဝါးဖြစ်​လောက်​ပဲသောက်​ပါတဲ့
နင်​ပြောသမျ ငါဆိုတာပုတ်​သင်​ညှိလေ
ခေါင်းညှိတ်​မယ်​ ပြီးတော့ဟုပ်​ကဲပေါ့
ဒါပေမဲ မေရယ်
ခံမပြောနားမထောင်​ ဒီကောင်​က
နင်​မရှိတဲနောက်​ ငါလေ
ဆေးဖြစ်​ဝါးဖြစ်​ဆိုပေမဲ့ ခွေးဖြစ်​နွားဖြစ်​လဲသောက်​မိတယ်​လေ
ဒီညလဲ အမေဘွဲ့စာအုပ်​တချိုကိုကိုင်​ရင်း
မဖက်​ဖြစ်​လိုက်​ဘူး မေရေ
ဒီလောက်​ပါပဲ
ဒီညလဲငါမင်းကိုမလွမ်းဘူး မေရေ.~~~~~~~~~~?



Paing Lay 135800@#$%&*?