မင်္ဂလာနံနက်ခင်း၊အပြုံးပန်းများဆင့်လို့
တစ်ချိုသောသူတွေက ဟန်ဆောင်လို့ပြုံးကြတယ်
ဘဝတွေအတွက်လေ
မေမေရေ ၊ဟန်ဆောင့်မှူ တွေများတဲလောကကြီးထဲ
သားတစ်ယောက်မေမေအပြူံး တွေတမ်းတမိတယ်
နီယွန်မီးတွေလဲထိန်လို့အရောင်သွေးစုံ
ကာလာတွေကြားမှာလဲ အတုယောင်များစွာနဲ
မေမေရေ ၊မေမေအိမ်ကရေနံဆီမီးအိမ်လေးလောက်
အလင်းယောင်မပေးနိုင်ဘူး
ဟန်ဘာကာတွေဘယ်လောက်ကောင်းကောင်း
ချောကလက်တွေဘယ်လို့အရသာရှိနေပါစေ
မေမေရေ ၊ကာလာစုံစိုးဆေးတွေကြားထဲ
မေမေ ကြွေးတဲထမင်ကြမ်းခဲနဲပဲပြုပ်လောက်
သာအတွက်အရသာမရှိလှဘူး
မေမေရေ ၊ဒီလောက်ခက်ခဲကြမ်းတမ်းတဲ
လောကကြီးထဲ
မေမေ သားတို့ကိုဘယ်လို့များပြုစုပျိုးထောင်ခဲသလဲဟင်
နှိုင်းတုလို့မမီပြိုင်သူမရှိ မေမေ မတ္တာကိုခါးတယ်ထင်ပြီး
မေမေ ရင်ခြေစုန်ကန်လို့ လောကကြီးကို
ခပ်ငယ်ငယ်သားကစားသလောက်လွယ်မယ်ထင်မိတဲသား
မေမေရေ ၊မေမေရင်ခွင် မေမေအိမ်ကို
ပြန်လာခွင့်ရချင်မိတယ်မေမေ
နောင်တဆိုတာနှောင်းမှရတက်ပေမယ်
ပြန်လည့်ပြင်ဆင့်ခွင်ရှိသေးရင်
ခုချိန်ကစလို့ပြင်လိုက်ပါမိတ်ဆွေ
မေမေနှင့်ဖေဖေအား
ရောက်လေရာအရပ်ကနေလက်ဆယ်ဖြာဦးထိပ်ပန်ဆင်လို့
ရှိခိုးကတောပါ၏။
No comments:
Post a Comment
Note: only a member of this blog may post a comment.