Thursday, 24 August 2017

တာကျတဲ့ အ​မေ့သား"

အိပ်​မက်​​တွေ ထုဆင်​ချင်​တယ်​ဆို​တော့
အပြုံး​တွေနဲ့ ခွင့်​ပြု​ပေးခဲ့တယ်
ဟင့်​အင်း...ဟင့်​အင်း
သားတကယ်​မသိခဲ့ဘူး အ​မေ
အဲ့ဒီအပြုံး​တွေ​နောက်​မှာ
အ​မေ့ မျက်​ရည်​​တွေ ​ကျော​ထောက်​​နောက်​ခံပြုထားတယ်​ဆိုတာ
သား တကယ်​မသိခဲ့ဘူး အ​မေရယ်​...

အိပ်​မက်​​တွေ လူရာမဝင်
အဆင်​မ​ပြေခြင်းက အလည်​​ရောက်​လာ​တော့
သား ဘဝက ဘယ်​မှ​တော့ မ​ရောက်​ဖြစ်​​သေးပါဘူး အ​မေ
ရိုးသားရင်​ ​ခေတ်​မဆန်​​တော့တဲ့ စနစ်​ထဲ
သားက အ​မေ့အိပ်​ယာဝင်​ပုံပြင်​​တွေထဲ ​ပျော်​ဝင်​ခဲ့​လေ​တော့
သားအဖြစ်​က ​တောရုပ်​ကိုမ​ပျောက်​​သေးဘူး.....

ရိုးသားရင်​ ​တောကျတယ်​ထင်​တဲ့ ​ခေတ်​ထဲ
သား ဘယ်​​တော့မှ ​ခေတ်​မဆန်​ချင်​ပါဘူး အ​မေ
အိမ်​အို​ဟောင်းနဲ့ အ​မေ့ည​ကျောင်း​လေးမှာ
သား သင်​ယူခဲ့ရတဲ့ ဘဝအ​ကြောင်းသင်​ခန်းစာ​တွေဆိုတာ
ကိုယ့်​ကိုယ်​ကျင့်​တရားကို ချ​ရောင်းဖို့မှ မပါတာ....

စိတ်​ချပါ အ​မေ
သားက အ​မေ့​ကျောင်းထွက်​တစ်​​ယောက်​မို့
အ​မေ့​လောက်​ မဟုတ်​ရင်​​တောင်​မှ
အ​မေ့​ခြေဖျား​လောက်​ ရိုး​ဖြောင့်​ခဲ့ပါတယ်​ အ​မေ....

ဇရာ​ထောက်​​ပေမယ့်​ ပုတီး​လေး တ​ချောက်​​ချောက်​နဲ့
အ​ဝေး​ရောက်​တဲ့ သားတစ်​​ယောက်​အတွက်
ဆု​တောင်းမပျက်​တဲ့ အ​မေ​ရေ.....
လောကဓံ ဘယ်​လို​မြှောက်​​မြှောက်
တောစရိုက်​က ​ပျောက်​ကိုမ​ပျောက်​​တော့
သား......
ရိုးသားခြင်းနဲ့ ဆက်​​လျှောက်​​နေပါတယ်​ အ​မေ......။



               Copy


           paing lay@#$%&*