Wednesday, 26 July 2017

စိတ်

အတိပ်
 စိတ်၏ခြေရာ
ဘယ်မှရှာမရပေမဲ့
စိတ်ကကူး ရူးစွာနဲ
သြော်
အတိပ် ရောက်ခဲ့ပြန်ပါပေါ့လား
အမှတ်တမဲပါလို့ ဆိုစေဦးတော့
အမှတ်တရတွေဖြစ် လို့
မတွေးဘူးလိုဆိုပေမဲ့
တိုက်ဆိုင်မှု ရှိတိုင်းသတိရတက်တာ
ကြုံဘူးသူတိုင်း သိမှာပါလေ
ဟိုတုန်းက ပျော်စရာတွေက
ခုချိန်ခါလွမ်းလွန်းလို့ ဆွေးရပြန်ပါပေါ့
ဟိုတုန်းက ဝမ်းနည်းစရာတွေက
ခုချိန်ခါနာကျင်ရလို့
သြော်
နှစ်တွေသာကြာညှောင်းသွားတယ်
အသက်တွေသာ တဖက်စောင်းသွားတယ်
(သေမင်းစီကိုလေ)
အဟောင်းတွေအသစ်ဖြစ်
အသစ်တွေပြန်ကာဟောင်းလို့
မရင့်ကျပ်သူတွေ ရင့်ကျပ်ချင်ယောင်ဆောင်
ရင့်ကျပ်သူတွေလဲ သူငယ်ပြန်ချင်နေကြပါပေါ့လား
ပြောင်းလဲမှု တချိုတဝက်
နှောင်းနောင်တ တစ်စိတ်တစ်ပိုင်းနဲ
ဆွေးစရာတွေ ယာမကာနဲမျော
တွေးစရာတွေ စိတ်နဲသောလို့
သြော်
စိတ်စိတ်
ဘယ်လောက်ဝေးဝေးအနီးလေး
ဘယ်လောက်ကြာကြာမျက်စေတမိတ်စာနဲ့
သြော်
အတပ်ကနေအိမ်ပြန်ရောက်ပါပေါ့လား

                                      painglay@#$%&*
5/:ပဲမပြည့်တဲအတွေးပိုင်းစများ